Tag: Digital Rights

မေလအတွင်း လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်ချိုး​ဖောက်ခံရခြင်း

အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်သည့် လုပ်ရပ်များကို လေ့လာဖော်ထုတ် ရေးသားခြင်းများမှ ကာကွယ်နိုင်ရန်အတွက် သတင်းထောက်များနှင့် သတင်းမီဒီယာလုပ်ငန်းများကို ယနေ့အချိန်အထိ အစဉ်တစိုက် ကန့်သတ်ဖိနှိပ်လျက်ရှိသည်။ အသံအဖွဲ့၏ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များအရ ၂၀၂၄ ခုနှစ်၊ မေလအတွင်း၌ ပြည်တွင်းတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းတခုတွင် သတင်းလုပ်ငန်းများကို လုပ်ဆောင်နေ့သည့် သတင်းထောက်တဦး ဖမ်းဆီးထိန်သိမ်းခံခဲ့ရသည်ကို တွေ့ရှိရသည်။ မည်သည့်အကြောင်းများကြောင့်…

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

အသံအဖွဲ့မှာ ရရှိထားသောအချက်အလက်များအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၆ ရက်နေ့တွင် ညနေပိုင်းအထိ MyTel ဖုန်းလိုင်းများကို အသုံးပြုနိုင်ခဲ့သော်လည်း၊ ၁၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်ရန် ဖုန်းလိုင်းများသာမက၊ အင်တာနက်လိုင်းများအပါအဝင် အိမ်သုံး Wifi အင်တာနက် များပါ ဖြတ်တောက်ထားသည်ကို လေ့လာတွေ့ရှိရသည်။

အစိုးရ၏ ၄ နှစ်တာကာလ သက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း

ဤရုပ်ပြအချက်အလက်များသည် အသံအဖွဲ့မှ မကြာမီထုတ်ပြန်မည့် "အစိုးရသက်တမ်း ၄ နှစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ" အစီရင်ခံစာပါ အချက်အလက်များထဲမှ တွေ့ရှိချက်အချို့ကိုကောက်နုတ်၍ ကနဦးအစီရင်ခံတင်ပြခြင်းဖြစ်သည်။