Tag: လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေး အမည်ခံ လူသတ်ခြင်း

မြန်မာနိုင်ငံတွင် လက်နက်အင်အားကြီးမားသော အကြမ်းဖက်စစ်တပ်မှ ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်မတူသော သူများကို အပြစ်ရှိကြောင်း စွပ်စွဲပြီး တရားမဲ့ကျူးလွန်သတ်ဖြတ်နေသည်။ ထိုအပြုအမူကို တရားစီရင်ကာ သေဒဏ်ပေးခြင်းဟု အမည်တပ်နေခြင်းသည် ယဉ်ကျေးသော ခေတ်သစ်လူ့ဘောင်အသိုင်းအဝန်းမှ လက်ခံနိုင်သောအပြူအမူမဟုတ်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါသည်။

ထိခိုက်ဆုံးရှုံးခဲ့ရမှုများထဲမှ အပိုင်းအစများ

ငြိမ်းချမ်းစွာ စုဝေးခွင့် (Right to Peacful Assembly) သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အထူးဆက်စပ်နေသည့် ရပိုင်ခွင့်တစ်ခုဖြစ်သည်။ ICCPR အပါအဝင် နိုင်ငံတကာသဘောတူ စာချုပ်အများအပြားတွင် ငြိမ်းချမ်းစွာစုဝေးခွင့်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အတူ ကာကွယ်ပြန်ဌာန်းပေးထားသည်။

တကျော့ပြန် သတင်းလောက အမှောင်ခေတ်

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီကာလတွင် သတင်းလောကအတွက် ဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများ သည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆိးထောင်ချခြင်းခံခဲ့ရသည်။

၂၀၂၁ ငရဲပြည် (သို့မဟုတ်) စစ်အာဏာသိမ်းခံထားရသည့် မြန်မာပြည်

၂၀၂၀ ပြည့်နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ ၂၀၂၀၊ မတ်လ ၂၃ ရက်နေ့တွင် ကိုဗစ် အတည်ပြု လူနာက်ို စတင်တွေ့ရှိရပြီး မြန်မာနိုင်ငံပြည်သူများဆီသို့ ရောက်ရှိလာခဲ့သည်။

အာဏာရှင်တို့ဟူသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ကြ၏

ဖေဖာ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းလိုက်သည့်နေ့မှစ၍ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်သည် အမှောင်တိုက်ထဲသို့ ကျရောက်သွားခဲ့ရသည်။ ဒီမိုကရေစီ၏ အဓိကထောက်တိုင်ဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီမှ ဦးတည်ဖိနှိပ်လာသည်။

“အချိန်မီပြင်ဆင်ခွင့်”

အာဏာသိမ်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) မှ နိုင်ငံကို အဘက်ဘက်မှ ဖိနှိပ်အုပ်ချုပ်ခဲ့ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း အခြားရပိုင်ခွင့်များနည်းတူ ဆုံးရှုံးခဲ့ရသည်။ ထို့နောက် စစ်အစိုးရမှ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနိုင်ရပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရပေါ်ပေါက်ကာ စစ်အုပ်ချုပ်ရေးစနစ်မှ ဟန်ပြဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သည်။

၂၀၁၉ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးနှင့်ပတ်သက်၍ စိန်ခေါ်ချက် အလွန်ကြီးမားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော လက်ရှိအရပ်သားအစိုးရ အုပ်ချုပ်ရေးသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိူးဖောက်ခံရမှုများမှာ နှစ်စဉ် မြင့်တက်လာလျှက်ရှိသည်

၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အစီရင်ခံစာ

၂၀၁၉ ခုနှစ်၊ ပထမ ၆ လတွင်း သတင်းရယူမှု၊ ဖော်ပြမှု၊ ဖြန့်ဝေမှုများကြောင့် သတင်းထောက်များ၊ အယ်ဒီတာများ တရားစွဲဆိုခံရမှု ၈ မှု ရှိပြီး စုစုပေါင်း သတင်းသမား ၁၁ ဦး တရားစွဲဆိုခံခဲ့ရသည်။

လက်ရှိအစိုးရသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သော တပ်မတော်၏ တရားစွဲဆိုမှုများ အစီရင်ခံစာ

ဗိုလ်မှူးကြီးအဆင့်ရှိ စစ်ဘက်အရာရှိများက အမှုတွဲများဖွင့်လေ့ရှိသည်။ အမှုပေါင်း နှစ်ဆယ့်ခြောက်မှုအနက်၊ စုစုပေါင်းအမှုတွဲများ၏ ၆၅ ရာခိုင်နှုန်းကို ၎င်းတို့က တင်သွင်းခဲ့သည်။

ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ

ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ အစိုးရများ၏ နိုင်ငံတစ်ဝှမ်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုစီမံချက်များ၊ လုပ်ဆောင်ချက်များသည် ကရင်နီဒေသ လွိုင်ကော်မြို့သို့ ၂၀၁၈ ခုနှစ်အတွင်းက ရောက်ရှိလာခဲ့သည်။

You missed