မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်
မြန်မာစစ်အုပ်စုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့်နောက်တွင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ တောင်းဆိုလိုက်သည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် UNSC ၏ ဥက္ကဌ ဖြစ်လာမည့် ဂျပန်နိုင်ငံ အနေဖြင့် စစ်အုပ်စုအပေါ်…