မြန်မာ့တော်လှန်ရေးကာလ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် – ဥပဒေပြဋ္ဌာန်းချက်နှင့် လက်တွေ့ကွာဟချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) သည် ဒီမိုကရေစီ လူ့ဘောင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်း (UDHR) အပိုဒ် ၁၉နှင့် အပြည်ပြည်ဆိုင်ရာနိုင်ငံသားရေးနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် (ICCPR) အပိုဒ် (၁၉) တွင် အတိအလင်း အသိအမှတ် ပြုထားသည်။
