Author: Webmaster

မကြောက်မရွံ့။ ။စစ်အာဏာရှင်ဆန့်ကျင်ရေးအသံများ

ဘယ်လောက်ပဲအန္တရာယ်တွေရင်ဆိုင်နေရပါစေ စစ်ကောင်စီကိုမြန်မာပြည်သူလူထုက တိုင်းပြည်ရဲ့နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်နေကြတုန်းပါပဲ။ ။ ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခံရနိုင်ချေအချိန်မရွေးကြုံတွေ့နိုင်ပြီး သေရာပါမဲ့ စိတ်ဒဏ်ရာ တွေပါ ရနိုင်တဲ့ကြားက မကြောက်မရွံ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့လမ်းကိုဆက်လက်လျှောက်လှမ်း နေကြတုန်းပါပဲ။ ကြောက်မရွံ့” ဆိုတဲ့မှတ်တမ်းရုပ်ရှင်က အဲ့ဒီလိုအခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေကြားက စတေးခံပြီး မကြောက်မရွံ့ဆန္ဒထုတ်ဖော်ခဲ့၊ ထုတ်ဖော်နေဆဲဖြစ်တဲ့ ပြည်သူတွေအကြောင်း၊ သူတို့တွေဘာကြောင့် ဆန္ဒထုတ်ဖော်နေတုန်းလဲ၊ ဘာတွေစတေးခဲ့ရလဲ၊ အသက်ဆုံးရှုံးပြီး သို့မဟုတ် ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာကော ဘယ်လိုစိတ်ဒဏ်ရာ တွေကျန်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို…

အိတ်ဖွင့်ပေးစာ – မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရက်စက်ကြုမ်းကြုတ်မှုများနှင့်ပတ်သက်၍ စစ်အုပ်စုမှ တာဝန်ယူတာ၀န်ခံလာစေရန် ကုလသမဂ္ဂအထွေထွေညီလာခံမှ ခိုင်မာပြတ်သားစွာ အရေးယူ ဆောင်ရွက်ရမည်

ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာ ဥပဒေအရ တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန်

၂၈ ကြိမ်မြောက် အာရှပစိဖိတ်ဖိုရမ်၏ နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ် တစ်ကြိမ်ကျင်းပပြုလုပ်သည့် ညီလာခံသို့ တက်ရောက်ရန် စစ်အုပ်စု၏ လက်အောက်ခံ MNHRC အား ဖိတ်ကြားသည့်ကိစ္စ

အထွေထွေအစည်းအဝေးနှင့် နှစ်ပတ်လည် ညီလာခံ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊​၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၈ ကြိမ်မြောက် အာရှဖိစိတ်ဖိုရမ် (APF) ၏ နှစ်စဉ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ညီလာခံသို့ တက်ရောက်ရန် မြန်မာစစ်အုပ်စု၏ မြန်မာစစ်အုပ်စု၏ လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ*ရေးကော်မရှင် (MNHRC) အား APF မှ…

အာဏာသိမ်း စစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို ပြင်ဆင်ကာ တာ၀န်ရှိမှုကို  ရှောင်လွဲခြင်း။ ။ဥပဒေရှု့ထောင့်မှ လေ့လာဆန်းစစ်ချက်

၁။ အာဏာသိမ်းစစ်တပ်က ကျင့်သုံးနေသော ရာဇသတ်ကြီး ဆိုတာ ဘယ်ကလာပါသလဲ။ လက်ရှိ မြေပုံနယ်နိမိတ်အရ “မြန်မာနိုင်ငံ”ဟု ဗမာ အများစု သိထားသော မြေနေရာသည် ကိုလိုနီခေတ် ဗြိတိသျှ အင်ပါယာ၏ အဂ်လိပ် အစိုးရမင်းများက အိန္ဒိယဒေသကြီးကို အုပ်ချုပ်စဥ်က အိန္ဒိယနိုင်ငံ၏ သေးငယ်သော အစွန်ထွက်ပြည်နယ်လေး အဖြစ်ထည့်သွင်း အုပ်ချုပ်ပေးခဲ့သော မြေနေရာ ဖြစ်သည်။ ယင်းမတိုင်ခင်က မြန်မာနိုင်ငံတွင် ရှေးသက်ဦးဆံပိုင်…

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရစေရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည်

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ခြောက်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု တို့ကို ရှာဖွေရာတွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၅၆ ဖွဲ့တို့က ရိုဟင်ဂျာလူထုနှင့်အတူ ရပ်တည်ကြောင်း မိမိတို့၏ သွေးစည်းညီညွတ်မှုကို ထပ်လောင်းအတည်ပြုသည်။ ထို့အပြင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇ၀တ်မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်…

OCHA အကြီးအကဲ၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

အလွန်ပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ၏ ကြိုးပမ်းမှုများသည် မှတ်သားဖွယ်ဖြစ်သော်လည်း Mr. Griffiths ၏ ခရီးစဉ်သည် သိသိသာသာ အောင်မြင်မှုများ ကင်းမဲ့နေပြီး၊ စစ်အုပ်စုက ယင်းခရီးစဉ်ကို ဝါဒဖြန့်ချိရေးအဖြစ် အသုံးချခဲ့ခြင်းအပေါ် အောက်တွင်…

မြန်မာ့နွေဦး လူငယ်တော်လှန်ရေးသမားများ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ရုံးအကြီးအကဲနှင့် တွေ့ဆုံပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းရာတွင် အာဆီယံဆက်လက်ကျရှုံးနေခြင်းပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြား

နွေဦးတော်လှန်ရေးမတိုင်မီကတည်းက လုပ်ဆောင်လာခဲ့သော တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊​ သမဂ္ဂများနှင့် ကွန်ရက်များ၊​ နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၆ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အွန်လိုင်း(ဖေ့စ်ဘုတ် ဆိုရှယ်မီဒီယာ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ဆန်းစစ်လေ့လာချက်

စစ်တမ်း၏ လေ့လာတွေ့ရှိချက်များအရ ဆိုရှယ်မီဒီယာ (ဖေ့စ်ဘုတ်) အသုံးပြုသူ (၆၀.၃%) ရာခိုင်နှုန်းသည်

“ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့”

မေလ (၃) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” ( World Press Freedom Day) အတွက် ရည်ရွယ်၍ တင်ဆက်ထားသော ဗီဒီယိုဖြစ်ပါသည်။ သတင်းမီဒီယာ သမားများ၏ ခိုင်ကြည်သော လုပ်ဆောင်မှုများအပေါ် လေးစားစွာ ဂုဏ်ပြုလိုက်ရပါသည်။ Watch the video Cinemata and Youtube

ဖြတ်တောက်ခံထားရသောဆက်သွယ်မှုများနှင့် ပျောက်ဆုံးနေသောလူ့ရပိုင်ခွင့်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဍာကို ဖြတ်တောက်

You missed