ဆက်သွယ်ရေးဥပဒေပြင်ဆင်ခြင်း တစ်နှစ်ပြည့် အစီရင်ခံစာ

အငြင်းပွားဖွယ် ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ပြဌာန်းခဲ့ပြီး ယခုအချိန်တွင် ဥပဒေသက်တမ်းမှာ ၅ နှစ်အထိ ရှိလာပြီဖြစ်သည်။ ယင်းဥပဒေသည် ၂၀၁၅ ခုနှစ်မှ စ၍ ယနေ့အချိန်ထိ နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်လည်းဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်း (ဝါ) အွန်လိုင်း၌ နိုင်ငံရေးပါတီများ၏ ယှည်ပြိုင်မှုများ၊ တစ်ဖက်နှင့်တစ်ဖက် ထိုးနှက်မှုများကို မိမိသေဘာထားအမြင်ကို အွန်လိုင်းမှတဆင့်ရေးသားထုတ်ဖော်ကြသည့် အင်တာနက်သုံးစွဲသူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ပြည်သူတစ်ယောက်က အွန်လိုင်းတွင် တပ်မတော်အား ဝေဖန်ထားသည့် အကြောင်းအရာအပေါ် တပ်မတော်မှ တရားစွဲဆိုခဲ့ခြင်းဖြင့် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုကြသည့် အဆိုးကျော့သံသရာ စတင်ခဲ့သည်။​ထိုအချိန်ကာလမှ စတင်၍ အွန်လိုင်းတွင် ဝေဖန်မှုများ၊​ထုတ်ဖော်ရေးသားမှုများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။​

အရပ်ဘက်အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊​ တက်ကြွလှုပ်ရှားသူများက ဥပဒေပြင်ဆင်ရန် (သို့) ဖျက်သိမ်းရန် ကြိုးစားခဲ့ကြပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လွှတ်တော်၌ ဥပဒေကို တရားဝင်ပြင်ဆင်ခဲ့သည်။​ သို့သော် ဥပဒေပြင်ဆင်ချက်သည် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြုံပြုချက်အတိုင်း ပြင်ဆင်ခဲ့ခြင်း မဟုတ်ဘဲ အပေါ်ယံပြင်ဆင်ချက်များသာ ပြုလုပ်ခဲ့သည်။​ယခုအချိန်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများမှ ၁၅၀ မှုအထိ ရှိလာခဲ့ပြီး ထိုအထဲတွင်မှ ဥပဒေပြင်ဆင်ပြီးနောက် တစ်နှစ်အတွင်း တရားစွဲဆိုမှုများမှာ ၄၈ မှုရှိနေပြီဖြစ်သည်။

PDF ရယူရန် English မြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *

You missed