မကြောက်မရွံ့ – စစ်အာဏာရှင်ဆန့်ကျင်ရေးအသံများ

ဘယ်လောက်ပဲအန္တရာယ်တွေရင်ဆိုင်နေရပါစေ စစ်ကောင်စီကိုမြန်မာပြည်သူလူထုက တိုင်းပြည်ရဲ့နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်နေကြတုန်းပါပဲ။ ။ ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခံရနိုင်ချေအချိန်မရွေးကြုံတွေ့နိုင်ပြီး သေရာပါမဲ့ စိတ်ဒဏ်ရာ တွေပါ ရနိုင်တဲ့ကြားက မကြောက်မရွံ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့လမ်းကိုဆက်လက်လျှောက်လှမ်း နေကြတုန်းပါပဲ။

ကြောက်မရွံ့” ဆိုတဲ့မှတ်တမ်းရုပ်ရှင်က အဲ့ဒီလိုအခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေကြားက စတေးခံပြီး မကြောက်မရွံ့ဆန္ဒထုတ်ဖော်ခဲ့၊ ထုတ်ဖော်နေဆဲဖြစ်တဲ့ ပြည်သူတွေအကြောင်း၊ သူတို့တွေဘာကြောင့် ဆန္ဒထုတ်ဖော်နေတုန်းလဲ၊ ဘာတွေစတေးခဲ့ရလဲ၊ အသက်ဆုံးရှုံးပြီး သို့မဟုတ် ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာကော ဘယ်လိုစိတ်ဒဏ်ရာ တွေကျန်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုရိုက်ကူးထားပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ နဲ့ 1O1fps Production တို့မှ ပူးတွဲထုတ်လုပ်ခြင်းဖြစ်သည်။

Watch the full video here

https://cinemata.org/view?m=B6EjYljEg

Leave a Reply

Your email address will not be published. Required fields are marked *