Month: March 2024

ဖေဖော်ဝါရီလအတွင်း လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်ချိုး​ဖောက်ခံရခြင်း

ဖေဖော်ဝါရီတလအတွင်း ဆိုရှယ်မီဒီယာတွင် သတင်းအကြောင်းအရာများကို မျှဝေခြင်းနှင့် မှတ်ချက်ပေးခြင်းတို့ကြောင့် အနည်းဆုံး လူပုဂ္ဂိုလ် ခြောက် ဦး ထက်မနည်း အရေးယူခံခဲ့ရသည်။ အဆိုပါလူပုဂ္ဂိုလ်များထဲတွင် သာမန်ပြည်သူ သုံး ဦး၊ ဘာသာရေးခေါင်းဆောင် နှစ် ဦး နှင့် အစိုးရဝန်ထမ်း တဦးတို့ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များ

အသံအဖွဲ့မှာ ရရှိထားသောအချက်အလက်များအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၆ ရက်နေ့တွင် ညနေပိုင်းအထိ MyTel ဖုန်းလိုင်းများကို အသုံးပြုနိုင်ခဲ့သော်လည်း၊ ၁၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်ရန် ဖုန်းလိုင်းများသာမက၊ အင်တာနက်လိုင်းများအပါအဝင် အိမ်သုံး Wifi အင်တာနက် များပါ ဖြတ်တောက်ထားသည်ကို လေ့လာတွေ့ရှိရသည်။

မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်

မြန်မာစစ်အုပ်စုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့်နောက်တွင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ တောင်းဆိုလိုက်သည်။

You missed