Month: January 2023

“တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများ

“အသံ”လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသည့်အဖွဲ့မှ နိုင်ငံရေးသဘောထားအမြင် မတူညီသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများအပေါ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ “တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများနှင့်ပတ်သက်ပြီး သုတေသနပြုထားသည့် “အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေးအမည်ခံ လူသတ်ခြင်း” အမည်ရ အစီရင်ခံစာအတို တစောင်အား ယနေ့ (၁၆/၁/၂၀၂၃) တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာအား အောက်ဖော်ပြပါလင့်တွင် ဖတ်ရှုလေ့လာနိုင်သည်။ Watch the full video https://bit.ly/3QluxaU

အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေး အမည်ခံ လူသတ်ခြင်း

မြန်မာနိုင်ငံတွင် လက်နက်အင်အားကြီးမားသော အကြမ်းဖက်စစ်တပ်မှ ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်မတူသော သူများကို အပြစ်ရှိကြောင်း စွပ်စွဲပြီး တရားမဲ့ကျူးလွန်သတ်ဖြတ်နေသည်။ ထိုအပြုအမူကို တရားစီရင်ကာ သေဒဏ်ပေးခြင်းဟု အမည်တပ်နေခြင်းသည် ယဉ်ကျေးသော ခေတ်သစ်လူ့ဘောင်အသိုင်းအဝန်းမှ လက်ခံနိုင်သောအပြူအမူမဟုတ်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါသည်။