Month: December 2022

မြန်မာ့လူ့အခွင့်ရေးလှုပ်ရှားသူများအား ကာကွယ်စောင့်ရှောက်

ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကို ၂၀၂၁ မတိုင်ခင် အရင်နှစ်တွေကလို မြန်မာပြည်မှာ ခမ်းခမ်းနားနား မကျင်းပနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံသား သိန်းသန်းပေါင်းများစွာ လူ့အခွင့်အရေးနေ့စဥ်ချိုးဖေါက်ခံနေရပြီး အဲဒီလို ချိုးဖေါက်ခံရမှု၊ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်ဖို့ အသက်ကိုရင်းပြီး တိုက်ပွဲ ၀င်နေသူတွေရှိပါတယ်။ အဲ့ဒီလို တိုက်ပွဲဝင်ပေးနေသူတွေကို ဝိုင်းဝန်းကာကွယ်ကူညီစောင့်ရှောက်ပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ Watch the full video https://cinemata.org/view?m=meDnH3bC9

အမြစ်ဖြတ်တွန်းလှန်ရမည့် ကျားမ အခြေပြုအကြမ်းဖက်ခံရမှုများ

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်နောက်တွင် အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် သကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ၊ လေယာဉ်ဖြင့် အရပ်သားများ နေထိုင်သည့် နေရာများသို့ ပစ်ခတ်သတ်ဖြတ်မှုများဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ထိုသို့သော အကြောင်းအရာများထဲမှ အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားရာတွင် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့်…