“အချိန်မီပြင်ဆင်ခွင့်”
အာဏာသိမ်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) မှ နိုင်ငံကို အဘက်ဘက်မှ ဖိနှိပ်အုပ်ချုပ်ခဲ့ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း အခြားရပိုင်ခွင့်များနည်းတူ ဆုံးရှုံးခဲ့ရသည်။ ထို့နောက် စစ်အစိုးရမှ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနိုင်ရပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရပေါ်ပေါက်ကာ စစ်အုပ်ချုပ်ရေးစနစ်မှ ဟန်ပြဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သည်။