၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု

အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြမြေပုံ

ပြည်နယ်နှင့်တိုင်းအလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအရေအတွက်ပြဇယား    

StatesThan- ChatStrike (From Military against groups) Flash- MobCampaign (Pamphlet,Movies,events)Black Clothing Campaignပကဖ/
ပလဖကို ဆန္ဒပြ
Total
Kachin1000001
Mandalay1000001
Sagaing949011161
Shan0001001
Tanintharyi0300003
Yangon0120003
Unknown2000002
Total1353221172

အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်အထိ ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများမှာ စုစုပေါင်း (၇၂) ကြိမ်ရှိသည်ကိုတွေ့ရှိရပြီး ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများထဲတွင် စစ်ကိုင်းတိုင်းသည် အကြိမ်ရေအများဆုံးဖော်ဆောင်နိုင်သည့် ဒေသတခုအဖြစ်တွေ့ရှိရပြီး ဆန္ဒထုတ်ဖော်မှုပေါင်း (၆၁)ကြိမ်မျှ ထွက်ပေါ်ခဲ့သည်။ ၄င်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ သက်ဆိုင်ရာနယ်မြေထိန်းချုပ်မှုအားကောင်းသောကြောင့်ဟု အသံအဖွဲ့အနေဖြင့် သုံးသပ်သည်။

အာဏာသိမ်းပြီးနောက် ကျပ်တည်းလာသည့်အခြေအနေများအတွင်း ပြည်သူလူထုသည် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်တခုဖြစ်သည့် အတာသင်္ကြန်နှစ်သစ်ကူးကာလ၌ပင် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ခြင်းမရှိပဲ ရရာနည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်အားဆက်လက်တော်လှန်ခဲ့ကြလေသည်။ ထိုတော်လှန်မှုများအနက် တော်လှန်သံချပ်များလည်း ပါဝင်ခဲ့သည်။ တော်လှန်သံချပ်များ ပြုလုပ်ခြင်းသည် သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်တပ်မှအာဏာသိမ်းပြီး (၄) နှစ်ကြာသည်အထိ စဥ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်း သိရှိရပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း မြန်မာပြည်အတွင်းရှိ နေရာအသီးသီး၌ တော်လှန်သံချပ် စုစုပေါင်း (၁၃) ခု ပြုလုပ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၃ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ (BIMSTEC) အစည်းအဝေးတက်ရန် ရောက်ရှိနေသော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် တည်းခိုနေသည့် ရှန်ဂရီလာဟိုတယ်ရှေ့တွင် ကန့်ကွက်ဆန္ဒပြရန် စီစဉ်သူ ကိုဖြိုးပိုင် နှင့် နိုင်နိုင်စိုးတို့ (၂)ဦးအား ထိုင်းနိုင်ငံအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်းသိရှိရပြီး ၎င်းတို့နှင့်ဆက်စက်သည့် နောက်ဆက်တွဲသတင်းများအား ယခုအချိန်ထိ တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးပေ။ ထို့အပြင် ဧပြီလ၊ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား “အရပ်သား ၆,၀၀၀ ကျော်ကို သတ်ဖြတ်သူ” ဟု တကိုယ်တော်ဆန္ဒပြခဲ့သည့် ထိုင်းတက်ကြွလှုပ်ရှားသူကျောင်းသားတဦးကိုလည်း ထိုင်းအာဏာပိုင်များမှ တားမြစ်ဖမ်းဆီးခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် ပြန်လွှတ် ပေးခဲ့သည်ဟု သိရသည်။ 

အသံအဖွဲ့၏စောင့်ကြည့်လေ့လာမှုများအရ ယခုဧပြီလအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံရခြင်းမှ ရက်စေ့သဖြင့်လွတ်မြောက်လာသည့် ဖြစ်စဥ် (၁) ခုရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည်   သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာကြောင်း ဗကသ မှ ဧပြီ၊ ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၃ ရက်နေ့တွင် တာမွေမြို့နယ် ဗကသများအဖွဲ့ချုပ်(ပူးပေါင်း)စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရချိန် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများနှင့်အတူ မတရားဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်မှ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းစုစီပုဒ်မ (၁၉) တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် စုစုပေါင်း ခုနစ်နှစ်နှင့် သုံးလ ချမှတ်ခံထားရပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့၌ လေးနှစ်ကျော်ကြာ အကျဉ်းချခံထားရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed