၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အစီရင်ခံစာ

သတင်းမီဒီယာများ တရားစွဲဆိုခံရမှု

၂၀၁၉ ခုနှစ်၊ ပထမ ၆ လတွင်း သတင်းရယူမှု၊ ဖော်ပြမှု၊ ဖြန့်ဝေမှုများကြောင့် သတင်းထောက်များ၊ အယ်ဒီတာများ တရားစွဲဆိုခံရမှု ၈ မှု ရှိပြီး စုစုပေါင်း သတင်းသမား ၁၁ ဦး တရားစွဲဆိုခံခဲ့ရသည်။

တရားစွဲဆိုသူများ

သတင်းမီဒီယာများတရားစွဲဆိုခံရမှု ၈ မှုတွင် တပ်မတော်က တရားစွဲဆိုမှု ၃ မှု ပါဝင်သည်။ ရဲတပ်ဖွဲ့က တရားစွဲဆိုသူ ၂ မှု ပါဝင်ပြီး အဆိုပါ ၂ မှုအနက် တစ်ခုမှာ အထူးရဲတပ်ဖွဲ့ (Special Branch) u တရားစွဲဆိုထားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းအား သတင်းဖော်ထုတ်ရေးသားခဲ့သည့် သတင်းသမား ၃ ဦးကို လုပ်ငန်းရှင်က တရားစွဲဆိုမှုလည်း ရှိသည်။

တရားစွဲဆိုသည့် ပုဒ်မ များ

တရားစွဲဆိုသည့် ပုဒ်မ များ သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမှုအများဆုံးဖြစ်သည်။ တပ်မတော်က အပါအဝင်က အဘက်ဘက်က တရားစွဲဆိုရာတွင် သတင်းမီဒီယာဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမပြုခဲ့သည်ကို တွေ့ရှိရပါသည်။

ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံရမှုများ

လအလိုက် တရားစွဲဆိုခံခဲ့မှုများ

၂၆ မှု၊ ၄၀ ဦး

ယခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆက်သွယ်ရေး ဥပဒေကို အသုံးပြုကာ တရားစွဲဆိုမှုများ ၂၆ မှု ရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၄၀ ဦး ရှိခဲ့ပါသည်။

အမြင့်ဆုံးပြစ်ဒဏ်

အမြင့်ဆုံးပြစ်ဒဏ် ဒေသအရေး တက်ကြွလှုပ်ရှားသူ ဦးဆောင်ဆန်းဦးအား ၎င်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို အွန်လိုင်းတွင် ဝေဖန်ရေးသားခဲ့သဖြင့် ဥပဒေ၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သောထောင်ဒဏ် ၂ နှစ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံရေးဝေဖန်မှု

အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အွန်လိုင်းတွင် ဝေဖန်ရေးသားသဖြင့် တရားစွဲခံရမှုမှာ အမြင့်ဆုံးဖြစ်သည်။ အရပ်သားပြည်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာတို့သည် အများဆုံးတရားစွဲဆိုခံခဲ့ရသသည်။

“ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ” ဖြင့် တရားစွဲဆိုခံရမှုများ

ငြိမ်းစုစီဥပဒေဖြင့်တရားစွဲဆိုခံရမှု ၇ မှု

ခြောက်လအတွင်း ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခံရမှုများ ၇ မှုရှိသည်။ အမှုအားလုံးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ငြိုမ်းစုစီ ဥပဒေပါ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မေလအတွင်း ရန်ကုန်မြို့တွင် တက်ကြွလှုပ်ရှားသူလူငယ်များဦးဆောင်ကာ ငြိမ်းချမ်းရေးတောင်းဆိုသော ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းသို့ဆန္ဒထုတ်ဖော်ခဲ့မှုအတွက် လူငယ် ၇ ခုနှစ်ဦးသည် ပန်းပဲတန်းမြို့နယ်ရဲစခန်း၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ အလားတူစွာပင် ငြိမ်းချမ်းရေးတောင်းဆိုဆန္ဒပြသော ကချင်ပြည်နယ်မှ လူငယ်နှစ်ဦးသည်လည်း အဆိုပါလအတွင်းပင် တရားစွဲဆိုခံခဲ့ရသည်။

Download Eng & MM

Leave a Reply

Your email address will not be published. Required fields are marked *

You missed