Tag: အင်တာနက်ရရှိမှု

အမှောင်ကြားက အင်တာနက်၊ အန္တရာယ်ကြားက လူ့အသက်

အင်တာနက်သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးတို့ကို မြှင့်တင်ရာတွင် ဆက်သွယ်မှု ကြားခံကိရိယာတစ်ခုအဖြစ် လွန်စွာမှ အရေးပါသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက်လွတ်လပ်မှုအပေါ် ချုပ်ခြယ်ကန့်သတ်မှုများ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခံခဲ့ရပြီး နောက်ပိုင်း မြန်မာပြည်သူများ၏ အခြေခံ လူ့ရပိုင်ခွင့်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် အင်တာနက်လွတ်လပ်ခွင့်တို့သည် ဆိုးရွားစွာ ဖိနှိပ်ခံနေရသည်။

အာဏာရှင်တို့ဟူသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ကြ၏

ဖေဖာ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းလိုက်သည့်နေ့မှစ၍ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်သည် အမှောင်တိုက်ထဲသို့ ကျရောက်သွားခဲ့ရသည်။ ဒီမိုကရေစီ၏ အဓိကထောက်တိုင်ဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီမှ ဦးတည်ဖိနှိပ်လာသည်။

ကန့်သတ် ဖြတ်တောက်ခံရခြင်း

ကမ္ဘ့ာအရှည်ကြာဆုံးနှင့် လက်ရှိအချိန်ထိဆက်လက်ဖြစ်ပေါ်နေဆဲစစ်ပွဲအား လက်ဝယ်ပိုက်ထားရသောကြောင့် မြန်မာနိုင်ငံသည် ယခုအချိန်ထိ ငြိမ်းချမ်းရေးမရနိုင်သေးပါ။ ၁၉၆၂ တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်အာဏာရှင် အစိုးရအနေမှ မြန်မာနိုင်ငံအား အထီးကျန်စွာဖြင့် ၂၀၁၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါသည်။ ၂၀၁၀ တွင် တပ်မတော် အနေဖြင့် ၎င်း၏အာဏာကို စစ်တပ်ထောက်ခံအားပေးသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရအား အာဏာလွှဲပေးခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင်မှု…