အမြစ်ဖြတ်တွန်းလှန်ရမည့် ကျားမ အခြေပြုအကြမ်းဖက်ခံရမှုများ
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်နောက်တွင် အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် သကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ၊ လေယာဉ်ဖြင့် အရပ်သားများ နေထိုင်သည့် နေရာများသို့ ပစ်ခတ်သတ်ဖြတ်မှုများဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ထိုသို့သော အကြောင်းအရာများထဲမှ အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားရာတွင် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့်…