Category: သတင်း လွတ်လပ်ခွင့်

အမှောင်ခေတ်အတွင်းမှ သတင်းများရေးသားထုတ်ပြန်ခြင်း မြန်မာပြည်၏ သတင်းစာရပ်ဝန်းနှင့် မီဒီယာ

၂၀၂၃ ခုနှစ် နောက်ဆုံး သုံးလပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာ အကျဉ်းချုပ်နှင့် ထူးခြားဖြစ်စဉ်များ ဤ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာသတင်းထောက်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဖြစ်ပေါ်ပြောင်းလဲနေသည့် အချက်များ၊ ထူးခြားဖြတ်စဉ်များနှင့် မီဒီယာဖွံ့ဖြိုးမှုလုပ်ဆောင်ချက်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ အထူးသဖြင့် အစီရင်ခံစာ၏ ပထမ အပိုင်းတွင် ၂၀၂၃ ခုနှစ်၏ နောက်ဆုံးသုံးလပတ် (အော်တိုဘာလ-ဒီဇင်ဘာ)အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို…

တကျော့ပြန် သတင်းလောက အမှောင်ခေတ်

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီကာလတွင် သတင်းလောကအတွက် ဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများ သည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆိးထောင်ချခြင်းခံခဲ့ရသည်။

အာဏာရှင်တို့ဟူသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ကြ၏

ဖေဖာ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းလိုက်သည့်နေ့မှစ၍ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်သည် အမှောင်တိုက်ထဲသို့ ကျရောက်သွားခဲ့ရသည်။ ဒီမိုကရေစီ၏ အဓိကထောက်တိုင်ဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီမှ ဦးတည်ဖိနှိပ်လာသည်။