Category: ဗွီဒီယို

မကြောက်မရွံ့။ ။စစ်အာဏာရှင်ဆန့်ကျင်ရေးအသံများ

ဘယ်လောက်ပဲအန္တရာယ်တွေရင်ဆိုင်နေရပါစေ စစ်ကောင်စီကိုမြန်မာပြည်သူလူထုက တိုင်းပြည်ရဲ့နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်နေကြတုန်းပါပဲ။ ။ ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခံရနိုင်ချေအချိန်မရွေးကြုံတွေ့နိုင်ပြီး သေရာပါမဲ့ စိတ်ဒဏ်ရာ တွေပါ ရနိုင်တဲ့ကြားက မကြောက်မရွံ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့လမ်းကိုဆက်လက်လျှောက်လှမ်း နေကြတုန်းပါပဲ။ ကြောက်မရွံ့” ဆိုတဲ့မှတ်တမ်းရုပ်ရှင်က အဲ့ဒီလိုအခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေကြားက စတေးခံပြီး မကြောက်မရွံ့ဆန္ဒထုတ်ဖော်ခဲ့၊ ထုတ်ဖော်နေဆဲဖြစ်တဲ့ ပြည်သူတွေအကြောင်း၊ သူတို့တွေဘာကြောင့် ဆန္ဒထုတ်ဖော်နေတုန်းလဲ၊ ဘာတွေစတေးခဲ့ရလဲ၊ အသက်ဆုံးရှုံးပြီး သို့မဟုတ် ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာကော ဘယ်လိုစိတ်ဒဏ်ရာ တွေကျန်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို…

“ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့”

မေလ (၃) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” ( World Press Freedom Day) အတွက် ရည်ရွယ်၍ တင်ဆက်ထားသော ဗီဒီယိုဖြစ်ပါသည်။ သတင်းမီဒီယာ သမားများ၏ ခိုင်ကြည်သော လုပ်ဆောင်မှုများအပေါ် လေးစားစွာ ဂုဏ်ပြုလိုက်ရပါသည်။ Watch the video here https://cinemata.org/embed?m=ckaxIi6Z4

“တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများ

“အသံ”လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသည့်အဖွဲ့မှ နိုင်ငံရေးသဘောထားအမြင် မတူညီသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများအပေါ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ “တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများနှင့်ပတ်သက်ပြီး သုတေသနပြုထားသည့် “အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေးအမည်ခံ လူသတ်ခြင်း” အမည်ရ အစီရင်ခံစာအတို တစောင်အား ယနေ့ (၁၆/၁/၂၀၂၃) တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာအား အောက်ဖော်ပြပါလင့်တွင် ဖတ်ရှုလေ့လာနိုင်သည်။ Watch the full video https://bit.ly/3QluxaU

မြန်မာ့လူ့အခွင့်ရေးလှုပ်ရှားသူများအား ကာကွယ်စောင့်ရှောက်

ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကို ၂၀၂၁ မတိုင်ခင် အရင်နှစ်တွေကလို မြန်မာပြည်မှာ ခမ်းခမ်းနားနား မကျင်းပနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံသား သိန်းသန်းပေါင်းများစွာ လူ့အခွင့်အရေးနေ့စဥ်ချိုးဖေါက်ခံနေရပြီး အဲဒီလို ချိုးဖေါက်ခံရမှု၊ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်ဖို့ အသက်ကိုရင်းပြီး တိုက်ပွဲ ၀င်နေသူတွေရှိပါတယ်။ အဲ့ဒီလို တိုက်ပွဲဝင်ပေးနေသူတွေကို ဝိုင်းဝန်းကာကွယ်ကူညီစောင့်ရှောက်ပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ Watch the full video https://cinemata.org/view?m=meDnH3bC9

ပန်းများသည် အရောင်စုံသော်လည်း ရန်မဖြစ်ကြပေ။

ပန်းများသည် အရောင်အသွေးစုံသော်လည်း ရန်မဖြစ်ကြပေ မတူကွဲပြားမှုများကို လက်ခံပြီး ကျား၊မ၊ ယုံကြည်ချက်၊ လူမျိုးမရွေး၊ လူနေမှုပုံစံ၊ အထူးသဖြင့် ယခုလို ရုန်းကန်နေရသောကာလတွင် လူတို့အပေါ် စာနာမှု လေ့ကျင့်ရန်နှင့် လူအချင်းချင်းပြစ်တင်ဝေဖန်မှုကင်းစင်ပြီး နားလည်လက်ခံမှုပေးနိုင်အောင် ဖိတ်ခေါ်ခြင်းဖြစ်သည်။ Watch the full video https://cinemata.org/view?m=znjyuW2PT