Author: Webmaster

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အွန်လိုင်း(ဖေ့စ်ဘုတ် ဆိုရှယ်မီဒီယာ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ဆန်းစစ်လေ့လာချက်

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဥ်ကစပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သက်၍ ဥပဒေများဖြင့် ကန့်သတ်ကာ ယင်းလူ့ရပိုင်ခွင့်ကို အစဖျောက်ထားခဲ့သည်။

“ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့”

မေလ (၃) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” ( World Press Freedom Day) အတွက် ရည်ရွယ်၍ တင်ဆက်ထားသော ဗီဒီယိုဖြစ်ပါသည်။ သတင်းမီဒီယာ သမားများ၏ ခိုင်ကြည်သော လုပ်ဆောင်မှုများအပေါ် လေးစားစွာ ဂုဏ်ပြုလိုက်ရပါသည်။ Watch the video here https://cinemata.org/embed?m=ckaxIi6Z4

ဖြတ်တောက်ခံထားရသောဆက်သွယ်မှုများနှင့် ပျောက်ဆုံးနေသောလူ့ရပိုင်ခွင့်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဍာကို ဖြတ်တောက်ရန် အင်တာနက်လိုင်းများကို ရက်တို၊ ရက်ရှည် ဖြတ်တောက်ပြီး အင်တာနက်မြန်နှုန်းများ လျော့ချခြင်းနှင့် အင်တာနက် စျေးနူန်းများ မြင့်တက်ခြင်းနည်းလမ်းများဖြင့် အင်တာနက်ရရှိမှုကို နှောင့်ယုက်ခဲ့သည်။

“တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများ

“အသံ”လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသည့်အဖွဲ့မှ နိုင်ငံရေးသဘောထားအမြင် မတူညီသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများအပေါ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ “တရားစီရင်ရေး”အမည်ခံကာ မတရားသေဒဏ်ချမှတ်နေမှုများနှင့်ပတ်သက်ပြီး သုတေသနပြုထားသည့် “အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေးအမည်ခံ လူသတ်ခြင်း” အမည်ရ အစီရင်ခံစာအတို တစောင်အား ယနေ့ (၁၆/၁/၂၀၂၃) တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာအား အောက်ဖော်ပြပါလင့်တွင် ဖတ်ရှုလေ့လာနိုင်သည်။ Watch the full video https://bit.ly/3QluxaU

အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေး အမည်ခံ လူသတ်ခြင်း

မြန်မာနိုင်ငံတွင် လက်နက်အင်အားကြီးမားသော အကြမ်းဖက်စစ်တပ်မှ ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်မတူသော သူများကို အပြစ်ရှိကြောင်း စွပ်စွဲပြီး တရားမဲ့ကျူးလွန်သတ်ဖြတ်နေသည်။ ထိုအပြုအမူကို တရားစီရင်ကာ သေဒဏ်ပေးခြင်းဟု အမည်တပ်နေခြင်းသည် ယဉ်ကျေးသော ခေတ်သစ်လူ့ဘောင်အသိုင်းအဝန်းမှ လက်ခံနိုင်သောအပြူအမူမဟုတ်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါသည်။

မြန်မာ့လူ့အခွင့်ရေးလှုပ်ရှားသူများအား ကာကွယ်စောင့်ရှောက်

ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကို ၂၀၂၁ မတိုင်ခင် အရင်နှစ်တွေကလို မြန်မာပြည်မှာ ခမ်းခမ်းနားနား မကျင်းပနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံသား သိန်းသန်းပေါင်းများစွာ လူ့အခွင့်အရေးနေ့စဥ်ချိုးဖေါက်ခံနေရပြီး အဲဒီလို ချိုးဖေါက်ခံရမှု၊ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်ဖို့ အသက်ကိုရင်းပြီး တိုက်ပွဲ ၀င်နေသူတွေရှိပါတယ်။ အဲ့ဒီလို တိုက်ပွဲဝင်ပေးနေသူတွေကို ဝိုင်းဝန်းကာကွယ်ကူညီစောင့်ရှောက်ပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ Watch the full video https://cinemata.org/view?m=meDnH3bC9

အမြစ်ဖြတ်တွန်းလှန်ရမည့် ကျားမ အခြေပြုအကြမ်းဖက်ခံရမှုများ

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်နောက်တွင် အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် သကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ၊ လေယာဉ်ဖြင့် အရပ်သားများ နေထိုင်သည့် နေရာများသို့ ပစ်ခတ်သတ်ဖြတ်မှုများဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ထိုသို့သော အကြောင်းအရာများထဲမှ အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားရာတွင် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့်…

ထိခိုက်ဆုံးရှုံးခဲ့ရမှုများထဲမှ အပိုင်းအစများ

ငြိမ်းချမ်းစွာ စုဝေးခွင့် (Right to Peacful Assembly) သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အထူးဆက်စပ်နေသည့် ရပိုင်ခွင့်တစ်ခုဖြစ်သည်။ ICCPR အပါအဝင် နိုင်ငံတကာသဘောတူ စာချုပ်အများအပြားတွင် ငြိမ်းချမ်းစွာစုဝေးခွင့်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အတူ ကာကွယ်ပြန်ဌာန်းပေးထားသည်။

အမှောင်ကြားက အင်တာနက်၊ အန္တရာယ်ကြားက လူ့အသက်

အင်တာနက်သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးတို့ကို မြှင့်တင်ရာတွင် ဆက်သွယ်မှု ကြားခံကိရိယာတစ်ခုအဖြစ် လွန်စွာမှ အရေးပါသည်။

တကျော့ပြန် သတင်းလောက အမှောင်ခေတ်

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီကာလတွင် သတင်းလောကအတွက် ဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများ သည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆိးထောင်ချခြင်းခံခဲ့ရသည်။