၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားမှုအခြေအနေ
ဖုန်းနှင့် အင်တာနက်လိုင်း ဆက်လက်ဖြတ်တောက်ခံထားရဆဲ မြို့နယ်များ
State | Number of township |
Ayeyarwady | 7 |
Bago (East & West) | 3 |
Chin | 9 (the whole region) |
Kachin | 18 (the whole region) |
Kayah | 7 (the whole region) |
Karen | 2 |
Magway | 5 |
Mandalay | 28 ((the whole region, because of the earthquake) |
Mon | 1 |
Rakhine | 17 (the whole region) |
Sagaing | 27 |
Shan (North) | 8 |
Shan (South) | 3 |
Tanintharyi | 3 |
Total | 138 |

- ဧပြီလတလအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်း (၁၃၈) မြို့နယ် ရှိသည်။
- ဧပြီလတလအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြည်နယ်တခုလုံးနီးပါး ပြတ်တောက်နေသည်မှာ (၅) ပြည်နယ်ခန့်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားပြင်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဝိုင်ဖိုင်များမှလွဲ၍ ဆက်သွယ်ရေးလိုင်းများ တတိုင်းလုံးနီးပါးအတိုင်းအတာဖြင့် ပြတ်တောက်နေကြောင်း သိရသည်။
ဧပြီလအတွင်း ဖုန်းနှင့်အင်တာနက်လိုင်း ပြန်လည်ရရှိမှုအခြေအနေ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၌ ဧပြီလ၊ ၁၉ ရက်နေ့၊ နေ့လည် (၂)နာရီခွဲဝန်းကျင်မှစ၍ အက်တမ်ဖုန်းလိုင်းများ ပြန်လည်ချိတ်ဆက်အသုံးပြု နိုင်ခဲ့ကြောင်းသိရသည်။ အကြမ်းဖက်စစ်တပ်သည် ကသာမြို့အား ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားပြီးနောက် (၇)လကျော်အကြာ၌ ယခုကဲ့သို့အက်တမ်ဖုန်းလိုင်းအား ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။ လက်ရှိတွင် အက်တမ်ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်သဖြင့် ဖုန်းဆိုင်များတွင် ဖုန်းဘေလ်နှင့် ဆင်းကဒ်များကို လိုက်ရှာဝယ်သူများ အလွန်များပြားလျက်ရှိပြီး ဆင်းကဒ်များပင် ဝယ်မရတော့ကြောင်းသိရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ကသာမြို့အား လျှပ်စစ်မီးဖြတ်တောက်ထား သည်မှာ ပြီးခဲ့သည့် မတ်လ၊ (၂၇) ရက်နေ့ကတည်းဟုလည်း သိရသည်။
ထူးခြားဖြစ်စဥ်
ပြီးခဲ့သည့်မတ်လနောက်ဆုံးပတ်မှစ၍ တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများ၏ ဓာတ်တိုင်နှင့်အုတ်နံရံများတွင် အနီရောင်နောက်ခံစာရွက်များဖြင့် ဖုန်းအသုံးပြုလျှင်၊ တွေ့ရှိပါက ဒဏ်ငွေ (၁၀)သိန်းနှင့် ထောင်ဒဏ် (၂)နှစ် ချမှတ်မည်ဟု သတိပေးထားပြီး စစ်ဆေးတင်းကြပ်မှုများ ရှိကြောင်းသိရသည်။
မတ်လ၊ (၁၆) ရက်နေ့၌ နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်အား အကြမ်းဖက်စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် ဖုန်းလိုင်းခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် အကြမ်းဖက်စစ်တပ်ထံ သတင်းပေးမှုကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ ထို့နောက် TNLA မှ လေကြောင်းအန္တရာယ်စိုးရိမ်မှုအား အကြောင်းပြကာ ဖုန်းအသုံးပြုခွင့်ကို စစ်ဆေးတင်းကြပ်လိုက်ခြင်းကြောင့် မြို့ပေါ်နေပြည်သူများသည် အခြားဒေသရှိ စတားလင့်အင်တာနက် (Starlink) အသုံးပြုနိုင်မည့်နေရာများသို့ စိုးရိမ်စိတ်ဖြင့် ခက်ခက်ခဲခဲသွားလာနေရကြောင်းသိရသည်။