၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အသံအဖွဲ့မှ မှတ်တမ်းကောက်ယူထားသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု

ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့်အား အကြမ်းဖက်မှု – ၃ ခု

ကချင်ပြည်နယ် – ၁ခုအလုပ်သမားသပိတ် 
ဖားကန့်  – ၁
ကရင် – ၂ခုအာဏာရှင်ဆန့်ကျင်ရေးသပိတ် 
မြဝတီ -၁ ဘာအံ – ၁
ကယားပြည်နယ်(ကရင်နီ)- ၁ခုလူထုအသိပညာပေးဟောပြောပွဲ 
ဒီမော့ဆို – ၁
မကွေးတိုင်း – ၂ခုအလုပ်သမားသပိတ်
နေရာအတိအကျမသိ – ၁
ပြောက်ကျားသပိတ်
ချောက်မြို့ -၁
မန္တလေးတိုင်း – ၂ခုအာဏာရှင်ဆန့်ကျင်ရေးသပိတ် 
မတ္တရာ – ၁
ပြောက်ကျားသပိတ်
မဟာအောင်မြေ -၁
စစ်ကိုင်းတိုင်း – ၁၀၅ခုအာဏာရှင်ဆန့်ကျင်ရေးသပိတ် – ၆၈
ဘုတလင် –  ၂
ကလေး – ၁
ဆားလင်းကြီး – ၂
ရွှေဘို -၁
ယင်းမာပင် – ၆၂
အလုပ်သမားသပိတ် – ၃၇
ကလေး – ၂
ဘုတလင် – ၁
ချောက်ဦး – ၁
ဆားလင်းကြီး – ၁၂
ရွှေဘို -၁
ဝက်လက် – ၁
ယင်းမာပင် – ၁၉
ရှမ်းပြည်နယ် -၃ခုMNDAA ကို ဆန္ဒပြမုံးစီး – ၁
ပြောက်ကျားသပိတ်လားရှိုး – ၁အာဏာရှင်ဆန့်ကျင်ရေးသပိတ်မယ့်အိုင် – ၁
တနင်္သာရီတိုင်း – ၆ခုအာဏာရှင်ဆန့်ကျင်ရေးသပိတ် လောင်းလုံ -၆
ရန်ကုန်တိုင်း – ၆ ခုအလုပ်သမားသပိတ် 
နေရာအတိအကျမသိ- ၁
ရွှေပြည်သာ – ၁
လူထုအသိပညာပေးဟောပြောပွဲ 
နေရာအတိအကျမသိ -၂
ပြောက်ကျားသပိတ်
နေရာအတိအကျမသိ – ၂
လူထုအသိပညာပေးဟောပြောပွဲ – ၃ ခုအွန်လိုင်း – ၃
နိုင်ငံတကာမှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲ – ၁၆ခုGermany:         
Unknown- 1
Japan:       
 Unknown- 1
South Korea:    
Daegu -3, Cheonan -2 , Pocheon-1, Gumi-1, Suwon-1
Thailand:       
Unknown- 2
Malaysia:          
Unknown- 1
United Kingdom: London-1
United State:   Washington, D.C. -1, California-1
အနှစ်ချုပ်

အသံအဖွဲ့၏စောင့်ကြည့်အတည်ပြုထားသော သတင်းမီဒီယာများ၏မှတ်တမ်းအရ ၂၀၂၅ခုနှစ်၊ မတ်လလကုန်အထိ ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုများမှာ စုစုပေါင်း ၁၃၁ -ကြိမ်ရှိသည်ကိုတွေ့ရှိရပြီး ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့်အား စစ်အုပ်စုမှ အကြမ်းဖက်မှု ၂-ကြိမ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ၁-ကြိမ် ကျူးလွန်ခဲ့ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်မှုများထဲတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် BWFM မှ ILO Article-33 အရ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအရေးယူနိုင်ရေးအတွက်  ဖေဖော်ဝါရီ ၂၄ရက်နေ့တွင် ဓါတ်ပုံကမ်ပိန်းကို စတင်ပြုလုပ်ကာ ILO ကို တောင်းဆိုပြီနောက် ဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများပါဝင်ကာ တောင်းဆိုမှုများဆက်တိုက်လုပ်ဆောင်လာသည်ကို တွေ့ရှိရပြီး မတ်လအတွင်း အလုပ်သမားများ ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲစုစုပေါင်း ၄၁-ကြိမ်မျှ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

အကြမ်းဖက်မှု ဖြစ်စဉ် (၁)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်းကျေးရွာတွင် ဒေသခံများကိုထိခိုက်စေသည့် ရွှေတူးဖော်မှုလုပ်ဆောင်မှုအားမပြုလုပ်ရန် အကြိမ်ကြိမ်စာပို့ကန့်ကွက်ခြင်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ဆက်လက်တူးဖော်နေသောကြောင့် ရပ်တန့်ပေးရန် ရွာသားများထပ်မံသွားရောက်ကာ တောင်းဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အထက်ပါကိစ္စရပ်အား ပြေလည်သည့်တိုင်အောင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးနောက် ရွာသားများ၏ အိမ်အပြန်လမ်းတွင်  MNDAA တပ်ဖွဲ့ဝင်များကစောင့်၍ စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက်  ရွာသား (၆) ဦးသေဆုံးကာ၊ (၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူများထဲတွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ကြောင်းတွေ့ရှိရသည်။ ထိုနောက်ကချင်ဒေသခံများက သေဆုံးခဲ့သူများ၏ရုပ်အလောင်းများအားသယ်ယူကာ MNDAA ရုံးရှေ့၌ “ပြည်သူကိုသတ်တဲ့ MNDAA အလိုမရှိ” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရာတွင် အဓိကတောင်းဆိုချက်အနေဖြင့် “လူသတ်တဲ့အမှုမျိုး နောက်နောင်လုံးဝလုံးဝ မဖြစ်အောင် ရုံးတံဆိပ်နဲ့ MNDAA ရဲ့ သက်ဆိုင်ရာလူကြီးတွေ လက်မှတ်ထိုးစာထုတ်ပြန်ပေးဖို့” ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြကြောင်းသိရသည်။

အကြမ်းဖက်မှု ဖြစ်စဉ် (၂)

အသံအဖွဲ့၏ လေ့လာစောင့်ကြည့်ချက်များအရ အာဏာသိမ်းစစ်တပ်အား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှဦးဆောင်ကာ ပုဒ်မ-၃၃ အရ (Article-33) အမြန်ဆုံးအရေးယူပေးရန်တောင်းဆိုသည့် ကမ်ပိန်းလှုပ်ရှားမှုများအား ရွှေပြည်သာ၊ တောင်ဒဂုံစက်မှုဇုန် အစရှိသည့်နေရာတချို့၌ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၎င်းလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြသည့် အလုပ်သမားသမဂ္ဂများအား မြို့နယ်အလုပ်သမားရုံးမှ မတ်လ၊ ၁၃ ရက်နေ့တွင်  ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက်မှု ဖြစ်စဉ် (၃)

မြဝတီမြို့တွင် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် မဲဆောက်သို့သွားရန် (၇) ရက်တာ အလည်အပတ်တုံးထုသည့် CDM (၁၈) ဦးအား မြဝတီ-မဲဆောက်အမှတ် (၁) ချစ်ကြည့်ရေးတံတား၌ မတ်လ၊ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏လက်အောက်ခံရဲများမှ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed